ရေတာရှည် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက သမိုင်းဝင် မယ်ဒက်ကယ် ဘုရားကြီးဝန်းအတွင်းရှိ ချုံနွယ်များအား ကုသိုလ်ယူစုပေါင်းရှင်းလင်းခဲ့ကြကြောင်း သိရသည်။
မယ်ဒက်ကယ်ဘုရားကြီးဝန်းအတွင်း သန့်ရှင်းရေးပြုလုပ်ရာတွင် ရေတာရှည်မြို့နယ်ရဲတပ်ဖွဲ့နှင့် ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီ ရဲစခန်း အသီးသီးမှ အရာရှိ ၁၀ ဦး၊ အခြားအဆင့် ၄၀ ဦး ပါဝင်စုပေါင်း ကုသိုလ်ယူခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်တင်နှင့် ရေတာရှည်မြို့မရဲစခန်းမှူး ဒုရဲမှူး အေးထွန်းတို့မှ သန့်ရှင်းရေးဆောင်ရွက်ကြသည့် တပ်ဖွဲ့ဝင်များအား နံနက်စာများ ကျွေးမွေး ခဲ့ကြောင်းသိရသည်။
ဆု(ပြန်/ဆက်)