ညောင်ရွှေမြို့နယ်အတွင်း ဝက်များရောဂါဖြစ်ပွား သေဆုံးမှုများမရှိစေရေး သက်ဆိုင်ရာဌာနမှ ဆောင်ရွက်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဝက်များ နာမကျန်းဖြစ်ခြင်း၊ အချို့သော ဝက်သေဆုံးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ပင်လောင်းမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပိုစတာစိုက်ထူ

ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ၍ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပိုစတာအား အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး (ရှမ်း/တောင်) လက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (ပင်လောင်း)မှ ယနေ့က ပင်လောင်းမြို့မဈေး အနောက်ဘက် မင်းလမ်းမကြီးဘေး၌ စိုက်ထူခဲ့သည်။

ဝန်းသိုမြို့နယ် ခပ်ချိုကျေးရွာတွင် မိရိုးဖလာဝါးနှီးဖြင့်ယက်လုပ်သော ခမောက်ယက်လုပ်ငန်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာတွင် တောင်သူလယ်ယာလုပ်ငန်းအပြင် မိရိုးဖလာဝါးနှီးဖြင့် ယက်လုပ်သော ခမောက်ယက်လုပ်ငန်းကို မိမိတို့အိမ်တွင် တစ်ပိုင်တစ်နိုင်ပြုလုပ်လျက်ရှိရာ မိသားစုပုံမှန်ဝင်ငွေများရရှိသည့်အတွက် အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၊ မဒေါင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဆေးပေးခန်းတည်ဆောက်မှု (၉၀)ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မဒေါင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း (မြန်မာဆယ်မာအူးလ်အွန်ဒုံ) ဆေးပေးခန်းတည်ဆောက်မှု (၉၀)ရာခိုင်နှုန်းပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် KTV ဆိုင်များ ဖွင့်လှစ်မှု မရှိစေရေး ရှောင်တခင်စစ်ဆေး

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ပြည်တွင်းကူးစက်မှုများ များပြားလာသည့်ကာလ၌ မြို့နယ်အတွင်းရှိ ကျွဲကောကြီး အုပ်စု၊ ဆင်ကန်ကျးရွာ ဗန်းမောက်-အင်းတော် ကားလမ်းဘေးတွင် ဖွင့်လှစ်ထားရှိသော KTV ဆိုင်အား ဖွင့်လှစ်ခြင်း ရှိ/မရှိ ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးမြင့်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်တင်မင်းလှိုင်၊ မြို့နယ်လက်ထောက် ဆရာဝန် ဒေါက်တာလင်းအောင်စိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အငယ်တန်းအင်ဂျင်နီ ယာ (၂) ဦးကျော်စွာထက်နှင့် မြို့နယ်မှတာဝန်ရှိသူများ က ရှောင်တခင်သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် ညောင်ရွှေ-ရန်ကုန် ပြေးဆွဲလျက်ရှိသော ကုန်တင်ယာဉ်ကြီးများ (၂)ပတ်ရပ် နားမည်

လတ်တလောကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်နိုင်ရေးအတွက် ညောင်ရွှေမြို့ရှိ အလုပ်ရုံ/ပွဲရုံ အသီးသီးမှ ရန်ကုန်နှင့်မန္တလေးမြို့များသို့ ပြေးဆွဲနေကြသည့် ကုန်တင် မော်တော်ယာဉ်ကြီးများနှင့် ပတ်သက်၍ မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မော်တော်ယာဉ်ကြီးအသင်းတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၇)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့တွင် စက်တင်ဘာ ၁၈ ရက်နေ့ မွန်းတည့် (၁၂)နာရီအချိန် က ခရိုက်နှီးဟုကျေးရွာအုပ်စု ကွင်းကလိန်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်အတွက် ယမန်နေ့ နံနက်(၁၁)နာရီအချိန် က အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမျိုးသိုက်ထွန်းနှင့် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ အဖွဲ့ဝင်များမှ ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံ ပတ်ဝန်းကျင်အား ယနေ့ နံနက်(၇) နာရီအချိန်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေး လူအဝင်၊ အထွက် စောင့်ကြည့်ပြီး ကျန်းမာရေးစစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်စေရန် ရောဂါကူးစက်ပျံ့နှံမှုမရှိစေရေး လူအဝင်၊ အထွက် စောင့်ကြည့်မှုထားရှိပြီး ကျန်းမာ‌ရေးစစ်ဆေးပေးခြင်း များကို အမှတ်(၉)ရပ်ကွက်တွင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၌ အဋ္ဌမအကြိမ်မြောက် အခြေခံလူတန်းစားများအား စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ပါလျံဘုံကျောင်းခန်းမတွင် အဋ္ဌမအကြိမ်မြောက် အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မနက် ၁၀ နာရီအချိန် က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to