သရက်ချောင်း စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်အတွင်း ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ရေများ မြင့်တက်လာခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် သရက်ချောင်းမြို့နယ်၊ ကနက်သီရိ ကျေးရွာ(က )ရပ်ကွက်ရှိ ကိုအေးမြင့်+မအေးစန္ဒာ၏ (အလျား ၂၀ ပေ၊ အနံ ၁၀ ပေ)ရှိ ဓနိမိုး၊ ဝါးထရံကာ နေအိမ်နှင့် ဦးတိုးညွှန့်+ ဒေါ်လှရွှေ၏ (အလျား ၁၅ ပေ၊ အနံ ၁၀ ပေ)ရှိ ဓနိမိုး၊ ဝါးထရံကာ နေအိမ် (၂)လုံး ပြိုကျပျက်ဆီးခဲ့ပြီး ၎င်းအတူ အခြားနေအိမ်(၁၀)လုံးခန့် ယိုင်လဲသွားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပြိုကျပျက်ဆီးသွားခဲ့သော နေအိမ်များအား ပင်လယ်ရေမြင့်တက်လာသဖြင့် လူများရွှေ့ပြောင်း ထားရှိခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အဆိုပါနေအိမ်များသို့ သရက်ချောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ခွဲ့မှူး ဦးညီညီမင်းနှင့် ကနက်သီရိကျေးရွာလူငယ်များမှ ဝိုင်းဝန်း ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်း(ပြန်/ဆက်)