ကျီခါး စက်တင်ဘာ ၂၀
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(ခေါမွန့်)ကျောင်း၌ စာသင်ဆောင် အသစ်ဆောက်လုပ် လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါကျောင်းမှ သိရသည်။
ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(ခေါမွန့်)ကျောင်း၌ စာသင်ဆောင်အသစ် အတိုင်းအတာ (၆၀×၃၀)ပေ(၁)ထပ် Steel Structure အဆောက်အဦကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြု ရန်ပုံငွေ ကျပ်(၇၂၀)သန်းဖြင့် တောင်ကြယ်ပွင့် ကုမ္ပဏီမှ တာဝန်ယူပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောက်လုပ်ခဲ့ရာ ယခုအခါ လုပ်ငန်း ဆောင်ရွက်မှု (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် အဆိုပါစာသင်ဆောင်သစ် ဆောက်လုပ်ပြီးစီး သွားပါက စာသင် ဆောင်အခက်အခဲများ ဖြစ်နေသည့် အ.မ.က(ခေါမွန့်)ကျောင်းအတွက် ပညာသင်ကြားရေး ပိုမိုအဆင်ပြေ လာမည်ဖြစ် ကြောင်း သိရသည်။
ဆလိုင်းလိန်းမာန် (ပြန်/ဆက်)