လပွတ္တာ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် သင်္ကန်းကြီးကားလမ်းပေါ်ရှိ ထင်းစုကျေးရွာအနီး မြစ်ကမ်းထိမ်း နံရံ ပေ ၁၀၀၀ အောက်ခြေတွင် ရွေးမြစ်၏ဝဲကတော့ထိုးမှုကြောင့် စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါ လပွတ္တာမြို့နယ် သပြုကုန်းကျေးရွာအုပ်စု ထင်းစုကျေးရွာအနီး ကျောက်စည်မြစ်ကမ်းထိမ်း နံရံ အပြင်ဘက် အလျား (၇၀ပေ) အနံ (၅၀ပေ) ၊ အတွင်းဘက်အလျား (၅၀ ပေ)အနံ(၁၀) ပေ အနက် (၉ ) ပေခန့် မြေပြိုကျမှု ဖြစ်ပွားခဲ့ သည်။
ခရီးသွားပြည်သူများ သတိထားသွားကြရန်နှင့် ယနေ့တွင်ကမ်းထိမ်းနံရံပြိုကျမှုအားအရေးပေါ် ကျောက်ချခြင်း၊ မျောတိုင်များ စိုက်ခြင်း သဲအိတ်ကာ သဲအိတ်ဖြည့်ခြင်း များ ကြိုတင်ကာကွယ် လျက်ရှိကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင်− ပြန်/ဆက်)