ဗိုလ်တထောင် စက်တင်ဘာ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်နိုင်ရေးအတွက် Quarantine Center ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၆)တွင် တပ်ဆင်ရန် ပန်ကာအလုံး (၄ဝ)အတွက် အလှူငွေများကို ယမန့်နေ နေ့လယ်(၁)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုကို အ.ထ.က(၆)စိန်ပေါလ် ကျောင်းသားဟောင်း ဦးဝင်းနိုင်(Yoon Neon Steel Co.ltd) က ပန်ကာအလုံး (၄ဝ)တပ်ဆင်ရန်အတွက် ငွေကျပ်(၁၅)သိန်းကို မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုးထံ လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့မှုရှိသူများကို ထားရှိသည့်အခါ အပူဒဏ်မှ သက်သာမှုရရှိစေရန် ပန်ကာများ တပ်ဆင်ပေး မည်ဖြစ်သည်။ စိန်ပေါလ် ကျောင်းသားဟောင်းများအသင်းက အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းတွင် ဆောင်ရွက် သည့် လုပ်ငန်းများတွင် လိုအပ်ချက်များရှိပါက အမြဲကူညီပံ့ပိုးလျက်ရှိပြီး လှူဒါန်းသည့် ပန်ကာများကိုလည်း ကျောင်းသားများအတွက် ဆက်လက်ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း (ဗိုလ်တထောင်)