ထန်းတပင်မြို့နယ်၌ နေရပ်ပြန်(၅)ဦးအား Facility Quarantine ထားရှိ

ထန်းတပင်  (ပဲခူး)    စက်တင်ဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး   တောင်ငူခရိုင်  ထန်းတပင်မြို့နယ် ပွဲသာကျေးရွာ (  ၃ )  ဦး ဇရပ်ကြီးကျေးရွာ ( ၁ ) ဦး ၊ မင်းကြိုင်ကျေးရွာ( ၁ )ဦး၊  စုစုပေါင်း (၅ )ဦးတို့သည် ပြည်ပနိုင်ငံရှိ စက်ရုံများတွင် သွားရောက် လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ စက်တင်ဘာ  ၁၈ ရက် ညနေ (၄ )နာရီခွဲ က ထန်းတပင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပြည်ပနိုင်ငံများမှ ထန်းတပင်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ နေရပ်ပြန် (၁၄)ဦးအား ထန်းတပင်မြို့နယ်အတွင်း သက်ဆိုင်ရာကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့်ဓမ္မာရုံများတွင် ဖွင့်လှစ်ထားသည့် Facility Quarantine ၌ (၁၉-၉-၂၀၂၀) ရက်နေ့မှ ( ၂ -၁၀-၂၀၂၀)ရက်နေ့အထိ Facility Quarantine ထားရှိမည်ဖြစ်ပြီး ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)