ရပ်စောက် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအတွက် စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင်မြို့နယ်အတွင်းရှိရပ်ကွက်(၈)ရပ်ကွက်၌စနစ်တကျစာရင်းကောက်ယူထားသည့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၂၁၃၈)စု အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၄၂၇၆၀၀၀၀) ကျပ်အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချူပ်ရေးမှူးနှင့်စာရေးတို့မှ အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ ကြောင်းသိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)