မွန်ပြည်နယ်၊ လမိုင်းမြို့ ကုလားကုတ်ကျွန်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ငါးလှမ်းစင်နှင့်တွဲ၍ ဆောက်လုပ်ထားသည့် တဲအိမ်များပြိုကျပျက်စီး

မွန်ပြည်နယ်၊ လမိုင်းမြို့ ကုလားကုတ်ကျွန်း၌ ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငါးလှမ်းစင်နှင့်တွဲ၍ဆောက် လုပ်ထားသည့် တဲအိမ်များ ပြိုကျပျက်စီး ခဲ့ကြောင်းသိရသည်။

မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့မှ စတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။

မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) မှ အငြိမ်းစားမိဘပြည်သူများ၏ ပင်စင်လစာများကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပေးသွားမည်

မန္တလေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) မှ အငြိမ်းစားမိဘပြည်သူများ၏ ပင်စင်လစာများကို ၂၄ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးသွားမှာဖြစ်မည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၁) မှ သိရသည်။

ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရှိ ဈေး(၃)စျေးကို ရက်အကန့်အသတ်မရှိ ခေတ္တယာယီပိတ်ထား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မြို့မဈေး၊ ရွှေတည်ဈေးသစ်နှင့် မင်းကွက်(၃) ရပ်ကွက် ရွှေတည်(၁) ကွက်သစ်ဈေး(၃)စျေးအား ကိုဗစ်−၁၉ ရောဂါကူးစက်မှု မြန်ဆန်ကာ ရောဂါ ပိုးတွေ့ရှိသူ ပိုမိုများပြားလာပြီး

မင်းဘူး(စကု)မြို့နယ်တွင် ရှင်မတေင်သနပ်ခါးမျိုး စမ်းသပ်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ် (၄) မကျီးချောင်း အနောက်ကုန်း ရပ်ကွက်တွင် ရှင်မ တောင် သနပ်ခါးမျိုး စမ်းသပ်စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ် အလှပ် ကျေးရွာအုပ်စုတွင် ပင်လယ် ဒီရေမြင့်တက်မှုကြောင့် နေအိမ် ၄ လုံးပြိုကျပျက်စီးမှု ဖြစ်ပွား

သထုံခရိုင် ပေါင်မြို့နယ် အလှပ်ကျေးရွာစု တောင်ပိုင်းနှင့် အနောက်ပိုင်းရပ်ကွက်တို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပင်လယ်ဒီရေမြင့်တက်မှုကြောင့် နေအိမ် ၄ လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မန္တလေးမြို့တွင် ကိုဗစ်-၁၉ အပိုဆောင်း ကျန်းမာရေးအာမခံကို အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေး

ကိုဗစ်-၁၉ အပိုဆောင်းကျန်းမာရေးအာမခံကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း မြန်မာ့အာမခံလုပ်ငန်း မန္တလေးတိုင်းဒေသကြီးရုံးမှ သိရသည်။ "ကိုဗစ်-၁၉ အပိုဆောင်း ကျန်းမာရေးအာမခံတွေကို တစ်ဦးချင်းသော်လည်းကောင်း အစုအဖွဲ့သော်လည်းကောင်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး

ကျောက်ဆည်ခရိုင်တွင် အရေးပေါ် ရိက္ခာစားဆီများ သိုလှောင်ရုံများအတွင်း (၁၀၆၉၀)ပုံးသိုလှောင်ထားရှိ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အရေးပေါ်ရိက္ခာစားဆီ ဆီပုံးများကို ကျောက်ဆည် မြို့နယ်တွင် (၃၇၁၂)ပုံး၊ စဉ့်ကိုင်မြို့နယ် တွင် (၂၁၅၁)ပုံး၊ တံတားဦး မြို့နယ်တွင် (၂၀၀၇)ပုံး ၊မြစ်သားမြို့နယ် တွင် (၂၈၂၀)ပုံး၊ စုစုပေါင်း အရေးပေါ် ရိက္ခာစားဆီ(၁၀၆၉၀)ပုံး အားသိုလှောင် ရုံများတွင်သိုလှောင်ထားရှိ ကြောင်းသိရ သည်။

ကျောက်ဆည်မြို့နယ်၌ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါ့င်းစည်း(၇၅၀၀) အခမဲ့ ဖြန့်ဝေပေးပြီး ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ အစိုးရနည်းပညာကျောင်းနှင့် အေးမြ ကြည်လင်စျေး၊ မြို့ပတ်လမ်းဆုံတွင် ယနေ့နံနက်(၇)နာရီက ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(၇၅၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရသည်။

နာဂဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၀၉၃) စုအား နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်း
Subscribe to