မိုးမိတ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲ ကျင်းပ
မိုးမိတ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ပညာရေးစုံညီပွဲတော်နှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (၁) ပညာမြင်းမိုရ်ခန်းမ၌ ကျင်းပခဲ့သည်။