ကော့သောင်းမြို့တွင် အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် မိုးသည်းထန်လေပြင်းတိုက် ခတ်သဖြင့် သစ်ပင်ပြိုလဲကာ နေအိမ်တစ်ချို့ပျက်စီး
ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ စက်တင်ဘာလ ၁၉နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် တစ်ချို့နှင့် ကျေးရွာတစ်ချို့ရှိလူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ပြီး မြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။