ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၈ နာရီက ဗန်းမော်မြို့ သိမ်မဟာစေတီတော်ကြီးဘုရားရှေ့ လမ်းဆုံနှင့် လူသွားလူလာများသည့် နေရာများတွင် နှာခေါင်းစည်း (Mask)မတပ်ဆင်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် တရုတ်နိုင်ငံမှ လာရောက်သည့် MT.GLOBAL FLORA သင်္ဘောပေါ်မှ သင်္ဘောသား(၉)ဦး၊ ယူကရိန်းနိုင်ငံမှ လာရောက်သည့် M.V AMIS KALON သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ မလေးရှားနိုင်ငံမှ လာရောက်သည့် MT CHEMROAD QUEEN သင်္ဘောပေါ်မှ သင်္ဘောသား(၁၅)ဦး၊ စုစုပေါင်း သင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၂၇)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့၌ သိုလှောင်ရုံ၌ထားရှိသည့် အရေးပေါ်ရိက္ခာစားဆီများအားစစ်ဆေး

နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာဆီပုံး (၂၈၂၀ )ပုံးကို မြစ်သားမြို့နယ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန သိုလှောင်ရုံ၌ ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်သိုလှောင်မှု ကြီးကြပ်ရေးအဖွဲ့များက သွားရောက် စစ်ဆေး ခဲ့ကြောင်းသိရသည်။

ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအစဉ်ဖြင့်စက်ရုံ၊အလုပ်ရုံများတွင် ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ဖြင့် ကော့သောင်း မြိုနယ်အတွင်း လူနေထူထပ်သော စက်ရုံအလုပ်ရုံများတွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာန၏ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက်ပိုင်း ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ဖလမ်းမြို့၌ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်၊ ပျက်စီးဆုံးရှုံးမှုမရှိ

အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုကို ဖလမ်းမြို့၌ ယမန်နေ့ နံနက်ပိုင်းက လှုပ်ခတ်သွားပြီး ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများတပ်ဆင်ခြင်း Mask Campaign ကို ယမန်နေ့က အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ကြက်ခြေနီအသင်းကနှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့တွင် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ၌ ကျန်းမာရေးဝန်ထမ်းနှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိရေး ကြပ်မတ်ဆောင်ရွက်

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးကို အဓိကထား၍ နေ့စဉ်နံနက် (၆) နာရီမှစတင်ကာ ကျန်းမာရေးဝန်ထမ်းနှင့်တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။

အမာမြို့ ဂေါ်ဒူကျေးရွာတွင် လူနေအိမ်(၁၂)လုံးနှင့် ထောင်ကြီးတန်းကျေးရွာတွင် လူနေအိမ်(၁၄)လုံး မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဒီရေတက်ပြီး သဲဖုံးခြင်း၊ ယိုင်နဲ့ပျက်စီးခြင်းများဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ဒီရေများမြင့်တက်လာခြင်းကြောင့် လူနေအိမ်(၁၂)လုံး ရေနစ်မြုပ်၍ယိုင်နဲ့ ပျက်စီးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့နယ်၊ ရင်းဘိုင်းကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ် ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ကျီခါးမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၇ နာရီက တာဝန်ရှိသူများက သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
Subscribe to