နာဂဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၀၉၃) စုအား နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

လဟယ်  စက်တင်ဘာ  ၂၁

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်း ထောက်ပံ့ပေးခဲ့ရာ အဆိုပါ ထောက်ပံ့ငွေများ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ  ၂၀ ရက်နေ့က လဟယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို လဟယ်မြို့နယ်အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၀၉၃) စုအတွက် ထောက်ပံ့ငွေကျပ် (၁၈၁၈၆၀၀၀၀) တိတိကို
သက်ဆိုင်ရာ ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရှားဆက် (ပြန်/ဆက်)