ပေါင်းတည် စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မြို့မဈေး၊ ရွှေတည်ဈေးသစ်နှင့် မင်းကွက်(၃) ရပ်ကွက် ရွှေတည်(၁) ကွက်သစ်ဈေး(၃)စျေးအား ကိုဗစ်−၁၉ ရောဂါကူးစက်မှု မြန်ဆန်ကာ ရောဂါ ပိုးတွေ့ရှိသူ ပိုမိုများပြားလာပြီး ပတ်ဝန်းကျင်မြို့များတွင်လည်း ရောဂါပိုး တွေ့ရှိသူများ ရှိလာသည့်အတွက် ယနေ့ စက်တင်ဘာလ(၂၁)ရက် တနင်္လာနေ့မှစပြီး ရက်အကန့်သတ်မရှိ ခေတ္တယာယီပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာအဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ ဈေးများအား ပိတ်ထားမည်ဖြစ်သော်လည်း ဒေသခံများ လိုအပ်ချက်ဖြစ်သည့် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချဝယ်ယူနိုင်ရေးအတွက် အာရုံဈေးကို လက်ရှိ ဖွင့်လှစ် ထားသည့် နေရာတွင် အချိန်ကန့်သတ်၍ ရောင်းချနိုင်ရန်စီစဉ်ထားရှိပြီး ပျံကျစျေးကိုလည်း အချိန်မီ ဖွင့်လှစ်ပေးရန် ဈေး(၂)ရပ်ကွက် (၃)လမ်းဘူတာရှေ့တွင် စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စျေးကိုလည်း အချိန်ကန့်သတ်ကာ ရောင်းချနိုင်ရေးစီစဉ်လျက်ရှိကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)