ကျောက်ဆည် စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ အစိုးရနည်းပညာကျောင်းနှင့် အေးမြ ကြည်လင်စျေး၊ မြို့ပတ်လမ်းဆုံတွင် ယမန်နေ့နံနက်(၇)နာရီက ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(၇၅၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ကျောက်ဆည်မြို့ Clean and Green လူမှုရေးအသင်းဥက္ကဋ္ဌ ဦးဝင်းဦးနှင့် အဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်သန့် ဆေးရည်များဖြင့် လက်များသန့်စင်စေခြင်းနှင့် အတတ်နိုင်ဆုံး နေအိမ်အပြင် မထွက် ကြရန်၊အပြင်မှ ပြန်လာတိုင်း လက်များကို စင်ကြယ်စွာဆေးကြောရန်၊အသုံးပြုသော နှာခေါင်းစည်းများအား နေအိမ်အပြင်ရှိ အမှိုက်ပုံးတွင်စနစ်တကျ စွန့်ပစ်ရန်၊ နှာခေါင်းစည်းများအသုံးပြုရာတွင် နှာခေါင်းနှင့်ပါးစပ် လုံခြုံစွာ စနစ်တကျ အသုံးပြုစေရေး စသည့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (၇၅၀၀)ခု အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်၁၉-ရောဂါ ကြိုတင်ကာကွယ်စေရေး ကျန်းမာရေး အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး ထုတ်ပြန်ချက်များအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြပ်ခြေနီတပ်ဖွဲ့ဝင်များကအသံချဲစက်များဖြင့် နေ့စဉ် နိုးဆော် အသိပေး ခြင်း များလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်