လမိုင်း စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ လမိုင်းမြို့ ကုလားကုတ်ကျွန်း၌ ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငါးလှမ်းစင်နှင့်တွဲ၍ဆောက် လုပ်ထားသည့် တဲအိမ်များ ပြိုကျပျက်စီး ခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကုလား ကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာတွင် ဝါးဖြင့်ပြုလုပ်ထားသော ငါးလှမ်းစင်နှင့်တွဲ၍ ဆောက်လုပ်ထားသည့် ဓနိမိုး၊ ဝါးထရံကာ တဲအိမ်(၂၃)လုံးနှင့် ပသျှူးချောင်းကျေး ရွာတွင် ဝါးဖြင့်ပြုလုပ်ထားသော ငါးလှမ်း စင်နှင့်တွဲ၍ ဆောက်လုပ်ထားသည့်ဓနိမိုး၊ ဝါးထရံကာ တဲအိမ်(၅)လုံး စုစုပေါင်းတဲအိမ် (၂၈)လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။
တင်ဇာစိုး လမိုင်း (ပြန်/ဆက်)