ကျောက်ဆည် စက်တင်ဘာ၂၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အရေးပေါ်ရိက္ခာစားဆီ ဆီပုံးများကို ကျောက်ဆည် မြို့နယ်တွင် (၃၇၁၂)ပုံး၊ စဉ့်ကိုင်မြို့နယ် တွင် (၂၁၅၁)ပုံး၊ တံတားဦး မြို့နယ်တွင် (၂၀၀၇)ပုံး ၊မြစ်သားမြို့နယ် တွင် (၂၈၂၀)ပုံး၊ စုစုပေါင်း အရေးပေါ် ရိက္ခာစားဆီ(၁၀၆၉၀)ပုံး အားသိုလှောင် ရုံများတွင်သိုလှောင်ထားရှိ ကြောင်းသိရ သည်။
အဆိုပါအရေးပေါ်ရိက္ခာစားဆီများကိုခရိုင်နှင့် မြို့နယ်သိုလှောင်ထိန်းသိမ်းမှုကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းကာ ပြည်သူ လူထုစားနပ်ရိက္ခာ အဆင်ပြေစေ ရန်အတွက် အရေးပေါ်စားဆီများကို သိုလှောင်ထား ခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားလာချိန် သို့မဟုတ် ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲ ရှိသည့်အချိန်များ၌ ဖြန့်ဝေပေး သွားမည်ဖြစ်ပြီး သိုလှောင်ရုံများ၌ဆီပုံးများ လျော့နည်မှုမရှိစေရေးနှင့် အလေအလွင့်မရှိစေရေးတို့အတွက် ခရိုင်သိုလှောင်ထိန်းသိမ်းမှုကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် ခရိုင်စားသုံးသူ ရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များမှ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများအား အရေးပေါ်ရိက္ခာ စားဆီများကို ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူး ပေး နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ ဆီကုန်သည်များ ၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ခရိုင် အတွင်း အရေးပေါ် ရိက္ခာစားဆီ(၁၀၆၉ ၀)ပုံးကိုသိုလှောင်ထားရှိပါကြောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျင်ဌေးကပြောပြ၍သိရသည်။
တင်တင်ထွေး