ရေဦး စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် ငွေများကို စက်တင်ဘာ တတိယပတ်က အခြေခံလူတန်းစား အိမ်ထောင်စု ၂၁၆၇၀ အတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းကို ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများက တစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ဌာန ဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့် နယ်မြေတာ၀န်ခံ စာရေးများက အခြေခံ လူတန်းစားများ လက်၀ယ်အရောက်ထုတ် ပေးခဲ့ကြရာ ရေဦးမြို့နယ်အနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ထောက်ပံငွေစုစုပေါင်း ငွေကျပ်သိန်းပေါင်း (၄၃၃၄) သိန်း ဖြစ်ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)