တောင်ဥက္ကလာပမြို့နယ်တွင် စောင့်ကြည်လူနာများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ရယူခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီဝန်း ယောဂီနှစ်ထပ် ဆောင် Community Based Facility Quarantine Centre တွင် ထားရှိသော စောင့်ကြည်လူနာများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏ တာဝန်ရှိဆရာ၊ ဆရာမများမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန်အတွက် ‌ဥက္ကလာပစေတီဝန်း ယောဂီနှစ်ထပ်ဆောင် Community Based Facility Quarantine Centre တွင် ထားရှိသော စောင့်ကြည့်လူနာ(၄၇)ဦးထံမှ နှာခေါင်းတို့ပတ်၊ အာခေါင် တို့ပတ် စစ်ဆေးချက်ရယူခြင်းလုပ်ငန်းကို ပထမအကြိမ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းထက်ထက်အောင်