တွံတေး စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကူညီ ထောက်ပံ့ရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေးရန်နှင့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေးအလှူရှင်များက ယနေ့ နေ့လယ်က နေရာအသီးသီးတွင်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက ကိုဗစ်-၁၉ ကူညီစောင့်ရှောက်ရေးအဖွဲ့အား ကိုဗစ်-၁၉လုပ်ငန်းများ ဆောင်ရွက်မှုများတွင် အသုံးပြုရန် အတွက် ငွေကျပ်(၁၀)သိန်း၊ ဆန်(၁၀)အိတ်၊ စားသုံးဆီဗူး(၅၀)၊ ဦးလှစိုး မိသားစုမှ ငွေကျပ်(၁၂)သိန်း တန်ဖိုးရှိ Mask (၂၀၀၀၀)၊ ဒေါက်တာအုန်းကြွယ်မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ ပစ်တိုင်းထောင် စားသောက်ကုန်ဖြန့်ချီရေး မိသားစုမှ ငွေကျပ်(၅၄၀၀၀၀)တန်ဖိုးရှိ ပစ္စည်းများနှင့် အလှူငွေ နှစ်သိန်းကျပ်၊ ဦးတင်အေး မိသားစုမှ ငွေကျပ်သုံးသိန်း၊ ဦးတင်အောင်မိသားစုမှ ငွေကျပ်တစ်သိန်းနှင့် Mask ဗူး(၂၀)၊ ဦးကျော်ဝင်းစိုး မိသားစုမှ ငွေကျပ်(၅)သိန်း၊ ကိုလင်းလင်းမိသားစုမှ တစ်သိန်း၊ ဦးအေးသောင်းမိသားစုမှ တစ်သိန်းတို့ကို လှူဒါန်းရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြောင်းသိရသည်။
ထို့နောက် လှူဒါန်းမှုအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကျေးဇူးတင် စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးလှိုင်(တွံတေး)