ကလေးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၅၆၆၄၈)တို့အား ထောက်ပံ့ငွေများ ကွင်းဆင်းပေးအပ်

ကလေး စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုတို့အား စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကလေးမြို့နယ်အတွင်းရှိ အိမ်ထောင်စု တစ်စုလျှင် ကျပ်ငွေ (၂၀၀၀၀) ကျပ်နှုန်းဖြင့် ယခင်က ထောက်ပံ့ငွေရခဲ့သော အိမ်ထောင်စု (၄၄၀၆၄) တို့အပြင် အ‌ကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော အိမ်ထောင်စု (၁၂၅၈၄)၊ စုစုပေါင်း အိမ်ထောင်စု (၅၆၆၄၈) တို့အား ထောက်ပံ့ငွေ (၁၁၃၂၉၆၀၀၀၀) ကျပ် ကွင်းဆင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မာန်လမ့်တွောင်(ပြန်/ဆက်)