ဗန်းမောက်မြို့နယ် ညောင်ပင်သာကျေးရွာ၌ စိမ့်စမ်းရေးသွယ်တန်းခြင်းနှင့် ရေတားတမံ တည် ဆောက်ခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ဗန်းမောက် စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ စီကတောင်ကျေးရွာအုပ်စု ညောင်ပင ်သာကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုကို စက်တင်ဘာ ၂၀ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီး အရာရှိ ဦးကျော်နိုင်နှင့်ဝန်ထမ်းများက စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းနှင့် ‌ရေတားတမံ တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရေ ရရှိရေးကော်မတီများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းအကြံပြုဆွေးနွေးခဲ့သည်။

ယင်းစိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၈ ဒသမ ၆ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် ညောင်ပင်သာကျေးရွာ ရေရရှိရေးကော်မတီ အဖွဲ့ဝင် များက ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဂါလံ ၅၀၀၀ ဆံ့ရေကန် ပြုပြင်ခြင်းလုပ်ငန်းပြီးစီးပါက ညောင်ပင်သာကျေးရွာအတွင်းရှိ ဒေသခံပြည်သူအများ   သန့်ရှင်းသောရေကို နေ့၊ ညမပြတ် သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။

ကျော်စွာ(ဗန်းမောက်)