နတ်မောက် စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ ညနေ (၃) နာရီခန့်က ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် နတ်မောက်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦသက်ဝေအောင်က ကြွပ်ကြွပ် အိတ်များ လျော့ချအသုံးပြုရေးနှင့် စနစ်တကျအမှိုက်စွန့်ပစ်မှုဆိုင်ရာ များကိုလည်းကောင်း၊ သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေးနှင့် လိုက်နာရမည့်အချက်များ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေမည့် အကြောင်း အရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်း စိုပြေရေးဦးစီးဌာနမှ တောအုပ်ကြီးဦးရဲမြင့်က သစ်တောဦးစီးဌာနက ဆောင်ရွက်သည့်လုပ်ငန်းများ အကြောင်းနှင့် Book Club အဖွဲ့ဝင် ဦးမျိုး (မကွေး) က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်ပါတ်သက်ပြီး အသိပညာပေးအကြောင်း အရာများကိုလည်းကောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး (Talk Show) ကို နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း