ဗိုလ်တထောင်မြို့နယ်တွင် Quarantine Center အတွက် အလှူငွေများလှူဒါန်း

ဗိုလ်တထောင် စက်တင်ဘာ ၂၁

ရန်ကုန်‌အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် Quarantine Center  ဖွင့်လှစ်ထားပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူများ၏ လိုအပ်များကို ဖြည့်ဆည်းပေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ နေ့လယ်()နာရီအချိန်တွင် အလှူငွေ များ လှုဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းကို ဗိုလ်တထောင်မြို့နယ် အမှတ်()ရပ်ကွက်၊ (၄၅)လမ်း၊ အမှတ်(၂၂-၂၄) ဦးအောင်+ဒေါ်သောင်းသောင်း မိသားစုက အလှူငွေကျပ်(၁ဝ)သိန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်သောင်းထံသို့ ပေးအပ်လှူဒါန်း ရာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အလှူရှင်များ၏ လှူဒါန်းမှုမှာ ရန်ကုန်ဆေးရုံသစ်ကြီး အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် နေရာများသို့ စုစုပေါင်းငွေကျပ် (၃၅၂)သိန်း လှူဒါန်းခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လှူဒါန်းငွေများကို ဗိုလ်တထောင်မြို့နယ် Quarantine Center တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)