ပန်းတနော် စက်တင်ဘာ ၂၁
ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစား ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် နိုင်ငံတော် အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းမှ အိမ်ထောင်စုများအတွက် ယနေ့ နေ့လယ် ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၅၂ ရှိပြီး ထောက်ပံ့ငွေရယူသည့် အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၄၈၅၁ အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၉၇,၀၂၀,၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ များမှ အခြေခံလူတန်းစား အိမ်ထောင်စုများအားလုံးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)