ပုသိမ် စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးအတွင်း၊ မြို့နယ်များရှိ စျေးများတွင် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများ ရောင်းချသည့်ဆိုင်များ (၂၁.၉.၂၀၂၀)မှ(၁.၁၀.၂၀၂၀)ထိ အရောင်းအဝယ်များကို သတ်မှတ်ထားသောအချိန်အတွင်းသာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
လမ်းဘေးစျေးဆိုင်၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ စတိုးဆိုင်၊ ကုန်ခြောက်ဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်နှင့် ပုဂ္ဂလိကအိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဆိုင်များ၊ ဘုရားစျေးဆိုင်ခန်းများ နေ့စဉ် နံနက်( ၆)နာရီမှ နေ့လယ်(၂)နာရီ ထိသာရောင်းရမည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ပုဂ္ဂလိကဆေးဝါးပစ္စည်း အရောင်းဆိုင်များကို နေ့စဉ် နံနက်(၆)နာရီမှ ည(၈)နာရီမှ ထိသာ ရောင်းချခွင့်ပြုကြောင်း၊ ၎င်းအပြင် သတ်မှတ်ကာလအတိုင်း ဖွင့်လှစ် ရောင်းချရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)