ရေဖြူ၊ စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်ကပေးအပ်သောထောက်ပံ့ငွေများကို စက်တင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များအား စတုတ္ထအကြိမ် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်နှင့် ကလိန်အောင်မြို့ရှိ ရပ်ကွက် (၈) ခုနှင့် ကျေးရွာအုပ်စု (၃၄) အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၉၄၀) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကျပ် (၂၀၀၀၀)ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများကိုယ်တိုင် အိမ်ထောင်စုဝင်များလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ရေဖြူမြို့နယ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၉၄၀) စုအတွက် ထောက်ပံ့ငွေကျပ်သိန်း ပေါင်း (၂၁၈၈) သိန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖြူဖြူရှိန် (ရေဖြူ ပြန်/ဆက်)