ထားဝယ်၊ စက်တင်ဘာ ၂၂
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ်တောင်သူ များအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းတင့်က မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း မျိုးစေ့သန့်စင်ခြင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ထားဝယ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ထိုနောက် ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းတင့်နှင့်တာဝန်ရှိသူများက တောင်သူ (၁၀) ဦးအား ထောက်ပံ့ငွေစုစုပေါင်း (၅၅၂၅၀၀၀) ကျပ်အား တောင်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)