ကော့သောင်း၊ စက်တင်ဘာ ၂၂
ပြည်တွင်းကူးစက်မှုများမြှင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ကော့သောင်းမြို့တွင်ကူးစက် ပြန့်ပွားမှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်မှု အဖြစ် ကော့သောင်းမြို့၊ ချောင်ဝကျေးရွာ၏ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် လူငယ့်အားမာန် အဖွဲ့က စက်တင်ဘာလ၂၂ရက်နေ့နံနက်ပိုင်းက မြို့နေပြည်သူများအား ပါးစပ်နှာ ခေါင်းစည်းများ ဖြန့်ဝေပေးသည့် လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယနေ့ဆောင်ရွက်မှုအဖြစ် ပရဟိတအဖွဲ့ဝင်လူငယ်များစုပေါင်းကာ ရောဂါထိန်းချုပ်ရေး မြို့နေပြည်သူများကို ကျန်းမာရေးအသိသတိရှိကြစေရန်၊ ရောဂါကူးစက်မှုမဖြစ်ပွားရေး အပြင်ထွက် ပါက ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ လက်များကိုမကြာခဏ ဆေးကြောကြရန် ပညာပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ကြကာ ပါးစပ်နှာခေါင်းစည်း (၂၀၀၀)ကျော်ခန့်ကို လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ပေး ဝေခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)