ပြည်ကြီးမဏ္ဍိုင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် လမ်းမပေါ်သို့ကိုင်းကျသော ဆီအုန်း ကိုင်းခက်များအားရှင်းလင်း

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးရည်ရွယ်၍ လမ်းမပေါ်သို့ကိုင်းကျနေသော ဆီအုန်းကိုင်းခက်များအား ခုတ်ထွင်ရှင်းလင်းခြင်းကို မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့တာဝန်ခံ ဦးမျိုးအောင်ဦးဆောင်၍ ယနေ့နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရုံးလမ်း (၁) လမ်းမပေါ်သို့ ကိုင်းကျနေသော ဆီအုန်းကိုင်းခက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ခုတ်ထွင်ပြီး သော ဆီအုန်းကိုင်းခက်များကို သိမ်းဆည်း၍ အမှိုက်ကျင်းတွင် သွားရောက်စွန့်ပစ်ခြင်း အစရှိသည့် ရှင်းလင်းရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)