လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Hlaing Quarantine Center (2) ဖွင့်လှစ်ရန် ပြင်ဆင်ခြင်း လုပ်ငန်း များ ဆောင်ရွက်

လှိုင်    စက်တင်ဘာ     ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကို‌ဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ ထပ်မံဖွင့်လှစ်မည့် ဒုတိယမြောက် Quarantine Centerကို အမှတ်(၁၅) ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အလယ်တန်း ကျောင်း၌ ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများ၊ လိုအပ်သော အသုံးအဆောင်များ ဖြည့်တင်းခြင်း၊ ကျန်းမာရေး ဆောင်ရွက်ပေးရန် စီမံခြင်း လုပ်ငန်းများကို ကြိုတင်စီစဉ်ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြသည်။ ထိုကဲ့သို့ ပြင်ဆင်ရာ တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သက်ဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ကြီးကြပ်၍ Quarantine Center (2) ၌ လိုအပ်သည်များကိုကြီးကြပ်ဆောင် ရွက်ပေးလျက်ရှိသည်။ 
အဆိုပါ ထပ်မံ ဖွင့်လှစ်မည့် ဒုတိယမြောက် Quarantine Center (2)  ပြင်ဆင် ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာ‌ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရံ မီးသတ် တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အ ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ များပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြပြီး ယမန်နေ့ ညနေပိုင်းက စတင်ကာဖွင့်လှစ်ပြီး လူနာများအား လက်ခံဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)