လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)ရပ်ကွက်၌ ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ မိုးရာသီကာလအတွင်း အမှတ်(၁)ရပ်ကွက် တွင် ရေကြီးရေလျှံမှု များ မဖြစ်ပေါ်စေရန်နှင့် ချောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ မြေထိန်းနံရံ တည်ဆောက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။