ရွှေဘို စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ကျေးရွာအုပ်စု၊ ပြွန်ဦးကျေးရွာတွင ်စက်တင်ဘာလ ၁၉ ရက်နေ့က လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသဖြင့် ရွှေဘိုခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုဦးစီးဒေါ်ချောစုနှင့် ဝန်ထမ်းများက အဆိုပါ မီးဘေးသင့် အိမ် ထောင်စုအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုဦးစီးမှူး ဒေါ်ချောစုက ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းကို ရှင်းလင်း ပြောကြားပေးပြီး အိမ်ဆောက် ပစ္စည်းဖိုးအတွက် ထောက်ပံ့ငွေ ၁၀၀၀၀၀၊ လူသေဆုံးမှုအတွက် ထောက်ပံ့ငွေ ၃၀၀၀၀၀ နှင့် ဆန်ရိက္ခာဖိုး ထောက်ပံငွေ ၂၁၀၀ ကျပ်၊ စုစုပေါင်း ၄၀၂၁၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးကို မီးဘေးသင့်အိမ် ကျန်ရစ်သူအားထ ောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)