ရှမ်းရွာသစ် စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို အေးလင်းသာယာ တိုက်ပွဲရှောင်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် ကရင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထွဠ်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ မိသားစုများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများကို ပေးအပ် ရခြင်းဖြစ်ကြောင်း ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နောက် တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စုပေါင်း (၇၂၄) စုတို့အတွက် တစ်စုလျှင် (၄၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၈၉၆၀၀၀၀/-) နှင့် အသုံးအဆောင် ပစ္စည်းများကို တာဝန်ရှိသူများ က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)