ရွှေတောင် စက်တင်ဘာ ၂၂
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်သည့်အနေဖြင့် ရွှေတောင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် ရွှေတောင်မြို့မစျေး၊ ကျီးသဲစျေး၊ ညောင်စာရေးစျေးတို့အား ယခုလ ၂၃ ရက်နေ့မှ စတင်၍ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစျေးများရှိ အထည်ဆိုင်များ၊ မုန့်မျိုးစုံဆိုင်များ၊ ရွှေဆိုင်များ၊ စားသောက်ဆိုင်များ၊ ပလတ်စတစ် ပစ္စည်းဆိုင်များ၊ ဒန်အိုးဒန်ခွက်နှင့် ပန်ကန်ဆိုင်များ၊ ခေါင်းရွက်ဗျက်ထိုးစျေးသည်များ ယာယီပိတ်သိမ်း ရန် သတ်မှတ်သည့် ယခု ၂၃ ရက်နေ့မှစ၍ ရောင်းချခြင်းမပြုကြဘဲ ပိတ်သိမ်းထားရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမိန့် ဥပဒေအရလည်းကောင်း၊ စည်ပင်သာယာရေး ဥပဒေများအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)