အလက(နမ့်မော်ဆွမ့်)ကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲကျင်းပ
မိုးနဲ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့ နမ့်မော်ဆွမ့် အခြေခံပညာ အလယ်တန်း ကျောင်းခန်းမ၌ (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ကျောင်းအဆင့် ပညာရေး စုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလက(နမ့်မော်ဆွမ့်) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသား တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။