လှိုင်သာယာ(အ​ရှေ့ပိုင်း)မြို့နယ် အမှတ်(၁)ရပ်ကွက်၌ ရေကြီးရေလျှံမှုမဖြစ်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၌ မိုးရာသီကာလအတွင်း  အမှတ်(၁)ရပ်ကွက် တွင် ရေကြီးရေလျှံမှု များ မဖြစ်ပေါ်စေရန်နှင့် ချောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ မြေထိန်းနံရံ တည်ဆောက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် လှိုင်သာယာမြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုမှ ကင်းဝေးစေမည်ဖြစ်ပြီး ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များကို ဆယ်ယူခြင်း၊ ရေမြောင်းချဲ့ခြင်း၊ ရေမြောင်းအဆင့်မြှင့်တင်ခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်းနှင့် ရေထွက်ပေါက်များ ရှင်းလင်းဆောင်ရွက်နေမှုများကို လှိုင်သာယာမြို့နယ် အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ စည်ပင်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးအဖွဲ့ဝင်များက ပူးပေါင်း၍ ရေကြီးရေလျှံမှုများ မဖြစ်ပွားစေရေး  ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)