မိုင်းဖြတ် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကျေး စာရေးဝန်ထမ်း များ အား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မိမိတို့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းလိုအပ်ချက် များအရ ရုံးဖွင့်ရက်များတွင် သာမက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌လည်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေရတဲ့အတွက် များစွာလေးစား ဂုဏ်ယူပါကြောင်းနှင့် ထောက်ပံ့ငွေများပေးအပ် ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ ဒုတိယဦးစီးမှူးများဖြစ်ကြသည့် ဦးအောင်မြတ်စိုး၊ ဦးအောင်ဆန်းဝင်းတို့က မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ၂၄ အုပ်စုတွင် တာဝန်ထမ်းဆောင် နေကြသည့် ရပ်ကျေးစာရေး ၂၄ ဦး အား တစ်ဦးလျှင် ကျပ် ကိုးသောင်းတစ်ထောင်နှစ်ရာကို ဝန်ထမ်းများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ခြင်းသည် ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာအုပ်စု ၂၁အုပ်စုတွင်တာဝန်ထမ်း ဆောင်နေကြသည့် ဝန်ထမ်း ၂၄ ဦး အား အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် လုပ်ငန်းလိုအပ်ချက်များအရ ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ခြင်း ကြောင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)