ပန်းတောင်း စက်တင်ဘာ ၂၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေ ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသားရေးတာဝန်အဖြစ် ကာကွယ်တားဆီး ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ ပန်းတောင်း မြို့နယ် ကျီးတောဂိတ် ဝင်ထွက် စစ်ဆေးရေးဂိတ်များတွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက် ဖြတ်သန်းလာသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား နေ့စဉ်ကြပ်မတ် အရှိန် အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ပူးပေါင်း၍ ကျန်းမာ ရေးစစ်ဆေးပေးသည့် ဂိတ်တွင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များမှ အဝေးပြေးယာဉ်လိုင်းများ၊ အိမ်စီးယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွား ပြည်သူများကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ် စွာ ဆေးကြောရန် အစရှိသည့် ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက ချက်ချင်းဝယ်ယူ တပ်ဆင်စေခြင်း စသည့်လုပ်ငန်းများကို နေ့စဉ်(၂၄) နာရီ နေ့/ည ဂျူတီခွဲဝေချထားကာ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သင်းသင်းအေး (ပြန်/ဆက်)