ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်

လွိုင်လင်        စက်တင်ဘာ    ၂၂

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ တတိယအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်သည့် ငွေများအား ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ စက်တင်ဘာလ ၂၁ ရက်နေ့ နှင့် ၂၂ ရက်နေ့များတွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများသို့ ပေးအပ်ကြောင်းသိရသည်။

လွိုင်လင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများမှာ အမှတ်(၁)ရပ်ကွက်တွင် (၂၉၇)စု ၊ အမှတ်(၂)ရပ်ကွက်တွင် ( ၂၇၈)စု ၊ အမှတ်(၃)ရပ်ကွက်တွင်( ၁၇၆)စု နှင့် အမှတ်(၄)ရပ်ကွက်တွင် (၄၂၂)စု ရှိကာ စုစုပေါင်း (၁၁၇၃)ရှိကြောင်းနှင့် တစ်အိမ်ထောင်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် ကျပ် (၂၃၄၆၀၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အပြီးပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

မိုးလွင်ဦး(လွိုင်လင်)