မအူပင်မြို့ ဗိုလ်ချုပ်ကြေးရုပ်မှ မင်းလမ်းမီးပွိုင့်အထိ (၃၉၆၀)ပေ Double Street Light လမ်းမီးစတင်ထွန်းညှိမှု ကြည့်ရှု စစ်ဆေး

မအူပင် စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်မှ မင်းလမ်းမီးပွိုင့်အထိ (၃၉၆၀)ပေ Double Street Light လမ်းမီးစတင်ထွန်းညှိခြင်းအား ယမန်နေ့ ညနေပိုင်းက စတင်ထွန်းညှိခဲ့ကြောင်း သိရသည်။

မအူပင်မြို့တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ဘက်စုံဆောင်ရွက်လျက်ရှိရာ မြို့သန့်ရှင်း သာယာလှပစေရေး ညဘက် တွင် ပြည်သူများ ထင်သာမြင်သာသွားလာနိုင်ရန် အတွက် လမ်းမီးတိုင်ထွန်းညှိခြင်းလုပ်ငန်းကို (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ (၉၆. ၂၂၈)ကျပ်သန်းဖြင့် (Kirs Lite)ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ ၁၀၀% ရာခိုင်နှုန်း လုပ်ငန်းပြီးစီး၍ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းမှ စတင်ကာ လမ်းမီးများ ထွန်းညှိဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းမီးတိုင်ထွန်းညှိသည့် ဗိုလ်ချုပ်ကြေးရုပ်မှ မင်းလမ်းထိပ်မီးပွိုင့်အထိ အရှည်(၃၉၆၀)ပေ Double Street Light လမ်းမီးတိုင်စတင်ထွန်းညှိသည့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအေးမင်းသန်းနှင့် တာဝန်ရှိသူတို့က လမ်းမီးစတင်ထွန်းညှိခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ခိုင်(မအူပင်)