တိုက်ကြီး စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် မြို့မဈေးအတွင်း စားသောက်ကုန် ဆိုင်တန်းများ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဈေးရောင်းချခြင်းရှိ/မရှိ အခြေအနေအား မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့တို့ ယမန်နေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့မဈေးအတွင်း ဈေးရောင်းချနေသော စားသောက်ကုန်ဆိုင်တန်းများ၊ အသားငါး ဆိုင်တန်းများအား မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရောင်းချသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)