မိုးမိတ် စက်တင်ဘာ ၂၂ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာ အသိပညာပေး နံရံကပ်ဘုတ် များကို ယနေ့နံနက်ပိုင်းမှ စတင်၍ ခင်းကျင်းပြသ ဆောင်ရွက်ထားရှိကြောင်းသိရသည်။
အဆိုပါ အထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာ အသိပညာပေး နံရံကပ်ဘုတ်တွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ ၊ ဆန္ဒမဲ ပေးပိုင်ခွင့် မရှိသူများ ၊ မဲဆန္ဒရှင်စာရင်းပြုစုကပ်ထားကြေညာခြင်း ၊ ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်း ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည်တို့ကို ပြသထားရှိပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် အလွယ်တကူ လေ့လာသိရှိနိုင်ရန် ပြသဆောင်ရွက်ခြင်းဖြစ်သည်၊။
မိုးမိတ်သား(စည်သူဌေး)