ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

တံတား   စက်တင်ဘာ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက  အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သုံးလတစ်ကြိမ် ပေးအပ်လျက် ရှိရာ စတုတ္ထသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက်  ဘိုးဘွားတစ်ဦးလျှင် ၃၀၀၀၀/-ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုရာ တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွား (၆၆)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ၁၉၈၀၀၀၀/-ကျပ်ကို  အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

တင်နိုင်ဝင်း(တံတား)