ကံမ စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသောလိုက်နာရန်စည်းကမ်းချက်၊ နှိုးဆော်ချက်များအား ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ နေ့စဉ် လှည့်လည်ကြေညာပေးလျက်ရှိသည်။
ထိုသို့ကြေညာရာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး နေအိမ်ပြင်ပ ထွက်ခွာရာ၌ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရေး၊ လက်များကို မကြာခဏ ဆေးကြောကြရန် ထို့အပြင် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ အားလုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန် နှင့်ရောဂါဖြစ်ပွားရာ ဒေသများမှ ဝင်ရောက်လာသူများရှိပါက သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန် အသံချဲ့စက်ဖြင့် ပြည်သူများသိရှိနိုင်ရန်အတွက် နေ့စဉ်ကြေညာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)