အင်းတော် စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ တောင်သူဦးဝင်းအောင်၏ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက် (SRI) စိုက်ခင်းအတွင်း ပေါင်းလိုက် သမန်းနိုးကိရိယာဖြင့် သမန်းနိုးခြင်း/ ပေါင်းရှင်းခြင်း လုပ်ငန်းများကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပညာရှင်များ၊ ဝန်ထမ်များ၊ ဒေသခံတောင်သူများဖြင့် လက်တွေ့ပြသ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် ခေတ်မီစက်ကရိယာများကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရေး၊ စိုက်ခင်းများ အတွင်းတွင် အချိန်အခါအလိုက် ဆောင်ရွက်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို သိရှိနိုင်ရေး၊ ဖြစ်ပွားတတ် သော ရောဂါများ၊ ရောဂါပိုး အမျိုးအစားများကို သိရှိနိုင်ရေး၊ သဘာဝမြေဩဇာများကို ကိုယ်တိုင်ပြု လုပ်သုံး စွဲနိုင်ရေး၊ ဓာတ်မြေဩဇာများကို အချိုးကျကျ စနစ်တကျ သုံးစွဲနိုင်ရေးတို့အတွက် ရည်ရွယ်၍ မိမိတို့ဦးစီးဌာနမှ စိုက်ပညာရှင်များ၊ ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ လက်တွေ့ကျကျ လုပ်ကိုင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သို့မှသာ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းပညာများကို သိရှိပြီး ခေတ်မီလယ်ယာသုံး ပစ္စည်းများကို စနစ်တကျအသုံးပြုတတ်လာမှာ ဖြစ်ပါကြောင်း၊ ယင်းတို့ကို အခြေခံ၍ ဒေသခံ တောင်သူများ အနေဖြင့် မိမိတို့၏ ဒေသထုတ်ကုန်များ အရည် အသွေး မြင့်မားလာအောင် ဆောင်ရွက်တတ်လာမည် ဖြစ်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့ သည်။
အဆိုပါအဖွဲ့သည် ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ ပေါင်းလိုက် သမန်းနိုးကိရိယာဖြင့် သမန်းနိုးခြင်း/ ပေါင်းရှင်းခြင်း လုပ်ငန်းများအပြင် တောင်သူ ဦးသန်းမောင်၏ မိုးစပါးစိုက်ခင်းအတွင်း ရက် (၉၀) စပါး အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ