လှိုင်မြို့နယ် လှိုင်​ဇေယျာခန်းမတွင် ရန်ကုန်အ​နောက်ပိုင်းခရိုင် လူမှုကူညီကယ်ဆယ်​ရေးအဖွဲ့ (YRO) ကွပ်ကဲ​ရေးရုံးအမှတ်(၁) ဖွင့်လှစ်​ဆောင်ရွက်

လှိုင် စက်တင်ဘာ ၂၂

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက် မင်းဓမ္မလမ်းရှိ လှိုင်ဇေယျာခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရရန်ကုန် တိုင်းဒေသကြီး လူမှုကူညီကယ် ဆယ်ရေး အဖွဲ့(YRO)မှ အနောက်ပိုင်းခရိုင် (YRO)အဖွဲ့အား ခရိုင်နှင့် တိုင်းအတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တုံ့ပြန်တားဆီးရေးအတွက် အဖွဲ့ကွပ်ကဲရေး ရုံးအမှတ်(၁)အား ဖွင့်လှစ်ထားရှိ​​ ဆောင်ရွက်လျက်ရှိပါသည်။

 တစ်ရက်လျှင် လူနာတင်ယာဉ်(၄)စီး၊ လူအင်အား(၂၀)ဦး ရုံးအဖွဲ့(၁၅)ဦးတို့ဖြင့် ကူညီကယ်ဆယ်​ရေး လုပ်ငန်းများအား အချိန်နှင့်တ​ပြေးညီ ပရဟိတအဖွဲ့ဝင်များ အားလုံးပူး​ပေါင်း ဆောင်ရွက်လျက်ရှိကြ​ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)