တန့်ယန်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းတံတားထိပ်နှင့် မြို့မစျေးရှေ့တွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ Mask Campaign ဆောင်ရွက်လျှက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေး အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း Mask (၃၅၀၀) ခု အား လမ်းသွားလမ်းလာသူများ၊ စျေးရာင်းချသူ များနှင့် စျေးဝယ်လာသူများကို အခမဲ့ ဖြန့်ဝေပေးကာ စျေးရောင်းချသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် တားဆီးရေး ညွှန်ကြားချက်များနှင့်အညီ ရောင်းချသွားရန် အသိပညာပေးသည့် Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)