မြန်အောင်၌ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

မြန်အောင် စက်တင်ဘာ ၂၂

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သော HARP-F / UK aid အဖွဲ့တို့မှ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး ပစ္စည်းများကို ယနေ့ နံနက်က မြန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ ပြန်ရေးပစ္စည်းများကို လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း CDA မြန်အောင်/ ကြံခင်း တာဝန်ခံ ဦးလှိုင်မြင့်နှင့်အဖွဲ့ဝင်များက မြန်အောင်မြို့နယ်အတွင်းရှိ စီမံကိန်းနေရာ(၁၆)ခု တို့မှ မြန်အောင်မြို့ အမှတ်()ရပ်ကွက်ရှိ မြေနုကျွန်း၊ မကျီးစု၊ အမှတ်()ရပ်ကွက် ရေလယ်ကျွန်း၊ အမှတ် ()ရပ်ကွက် တာဝတိံသာ၊ အမှတ် () ရပ်ကွက် ရွှေဘုံသာ၊ ကနောင်အမှတ်() မြောက်ပိုင်း၊ အိုးဘိုအုပ်စုတို့မှ ရပ်ကွက်/ကျေးရွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များအား Life Jacket အသက်ကယ် ဘောကွင်း၊ ဆေးသေတ္တာများ၊ CDA တံဆိပ်ပါ Mask Face Shield White Board ဆပ်ပြာ၊ စိန်ပိုက် (မြွေအန္တရာယ် ကာကွယ်ရေး ပစ္စည်း) တို့ ပေးအပ်ခဲ့‌‌ပြီး ကနောင်မြို့ ရှိ Quarantine Center အတွက် Mask ဘူး(၂၀) ဆပ်ပြာဆီဘူးကြီး()ဘူးကို ကနောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)