ဒုတိယအကြိမ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ ငွေပေးအပ်

ပခုက္ကူ   စက်တင်ဘာ   ၂၂

ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့်မျိုးစေသန့်စင်စရိတ် များအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CREP)အရ နိုင်ငံတော်ကပေးအပ်သော ထောက်ပံ့ ငွေပေးအပ်ပွဲကိုယနေ့ နံနက်၉နာရီကမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပ သည်။
ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက ၂၄၀ကို ရွှေတန့်တစ် ၊ ဆင်မင်း၊ ကျွဲတဲ ကျေးရွာတို့မှ တောင်သူ ၇၄ဦး ဖြင့်စိုက်ပျိုးဆောင်ရွက်လျှက်ရှိသည်။
မိုးစပါးမျိုး ကွဲနုတ်ပယ်ခြင်းနှင့် မျိုးစေသန့်စင်စရိတ်တို့ကို စိုက်ပျိုးတောင်သူ ၇၄ဦးထံ ဒုတိယအကြိမ် ဧက၂၄၀အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERPအစီအစဉ်ဖြင့် နိုင်ငံတော်က ထောက်ပံ့ငွေ ၁၅၆သိန်းကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။ ပထမအကြိမ်နှင့် ဒုတိယ အကြိမ် စုစုပေါင်း ထောက်ပံ့ငွေမှာ ၃၅၆ ဒဿမ ၄၄သိန်းဖြစ်ကြောင်း သိရသည်။

ကိုတမာ(ပြန်/ဆက်)